၂၁-၈-၂၀၂၅
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကို ၂၈-၁၂-၂၀၂၅ ရက် (တနင်္ဂနွေနေ့) တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၁-၈-၂၀၂၅ ရက်စွဲဖြင့် ထုတ်ပြန်သည့် ကြေညာချက် အမှတ် (၆၂/၂၀၂၅) အရ ပြည်ပရောက်မဲဆန္ဒရှင်များမှ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေး နိုင်ရေးအတွက် ပုံစံ (၁၅) ကို ဖြန့်ဝေအပ်ပါသည်။
သို့ဖြစ်ပါ၍ ဆွစ်ဇာလန်နိုင်ငံရောက် မြန်မာနိုင်ငံသားမဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲ ပေးနိုင်ရေးအတွက် အချက်အလက် ဖြည့်သွင်းပြီးသည့် ပုံစံ (၁၅) များကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ ဂျီနီဗာမြို့၏ အီးမေးလ်လိပ်စာ cg.consular@myanmargeneva.org သို့ ၂၁-၈-၂၀၂၅ ရက်မှ ၈-၉-၂၀၂၅ ရက်အထိအတွင်း ပေးပို့နိုင်ပါကြောင်း ကြေညာအပ်ပါသည်။