မြန်မာနိုင်ငံသို့ လာရောက်မည့် နိုင်ငံခြားသားများအား မည့်သည့်ပြည်ဝင်ဗီဇာအမျိုးအစားမဆို ထုတ်ပေးခြင်းကို ယာယီရပ်ဆိုင်းကြောင်း ကြေညာချက်

ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်မည့် နိုင်ငံခြားသားများအား မည့်သည့်ပြည်ဝင်ဗီဇာအမျိုးအစားမဆို ထုတ်ပေးခြင်းကို ယာယီရပ်ဆိုင်းကြောင်း ကြေညာချက် (နိုင်ငံခြားရေးဝန်ကြီးဌာန၊ ၂၈-၃-၂၀၂၀) ၁။ COVID-19 ကူးစက်ရောဂါပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်သည့် အစီအမံများအား ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်ရှေးရှု့လျက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ အနေဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် နိုင်ငံခြားသား အားလုံးအပေါ် ၂၉-၃-၂၀၂၀ ရက်နေ့၊ မြန်မာစံတော်ချိန် ၀၀:၀၁ နာရီမှစတင်၍ ၃၀-၄-၂၀၂၀ ရက်နေ့အထိ အောက်ဖော်ပြပါအတိုင်း ပြည်ဝင်မှုဆိုင်ရာ ယာယီကန့်သတ်ချက်များကို ချမှတ်လိုက်သည်- (က) နိုင်ငံခြားသားအားလုံးအား (မြန်မာနိုင်ငံဆိုင်ရာ သံတမန်များ၊ မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများမှ ဝန်ထမ်းများနှင့် မြန်မာ နိုင်ငံနှင့် အပြန်အလှန် ပြေးဆွဲနေသည့် လေယာဉ်များနှင့် သင်္ဘောများမှ လေယာဉ် မှူးများ/ သင်္ဘောအရာရှိ များ၊တာဝန်ရှိအမှုထမ်းများမှလွဲ၍)လူမှုရေးဗီဇာအပါအဝင် […]

Read More…

ပြည်ပရောက် မြန်မာနိုင်ငံသားဟောင်းများနှင့် မြန်မာနိုင်ငံသား အသိပညာရှင်များ၊ အတတ် ပညာရှင်များမှ နိုင်ငံတော်၏အကျိုးပြုလုပ်ငန်း များတွင် မိမိဆန္ဒအလျောက်အကျိုးပြုလိုခြင်းနှင့်ပတ်သက်၍ အကြောင်းကြားခြင်း။

ပြည်ပရောက်မြန်မာနိုင်ငံသားဟောင်းများနှင့် မြန်မာနိုင်ငံသား အသိပညာရှင် များ၊ အတတ်ပညာရှင်များအနေဖြင့် မိမိတို့ တတ်သိကျွမ်းကျင်သည့် ပညာ၊ အတွေ့အကြုံဖြင့် နိုင်ငံတော်၏ အကျိုးပြုလုပ်ငန်းများတွင် မိမိဆန္ဒအလျောက် ပါဝင်ကူညီပံ့ပိုးအကျိုးပြုလိုကြောင်း ဆန္ဒပြုလျှောက်ထားလိုသူများအနေဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန၏ Website link ဖြစ်သည့် https://www.mofa.gov. mm/volunteer-submit-form/ သို့လည်း တိုက်ရိုက်လျှောက်ထားနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။ […]

Read More…