ဆွစ်ဇာလန်နိုင်ငံရောက် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် ပုံစံ (၁၅) လက်ခံသည့်ရက်ကို တိုးမြှင့်သတ်မှတ်ကြောင်း အသိပေးခြင်း

(၁၂-၉-၂၀၂၅၊ ဂျီနီဗာမြို့)

၁။       ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆွစ်ဇာလန်နိုင်ငံရောက် မြန်မာနိုင်ငံသား မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် မဲပေးနိုင်ရေးအတွက် ဖြည့်စွက်ပြီး ပုံစံ (၁၅) များကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ ဂျီနီဗာမြို့သို့ ၂၁-၈-၂၀၂၅ ရက်မှ ၈-၉-၂၀၂၅ ရက်အထိ ပေးပို့နိုင်ပါကြောင်း အသိပေးကြေညာခဲ့ပြီး ဖြစ်ပါသည်။

၂။       နိုင်ငံပြင်ပတွင် ရောက်ရှိနေပြီး ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားများ ကျန်ရှိမှု မရှိ စေရေးအတွက် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ ဂျီနီဗာမြို့အနေဖြင့်  ဖြည့်စွက်ပြီး ပုံစံ (၁၅) များ လက်ခံခြင်းကို ၂-၁၀-၂၀၂၅ ရက်နေ့အထိ ရက်တိုးမြှင့်၍ လက်ခံ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

၃။       သို့ဖြစ်ပါ၍ ဆွစ်ဇာလန်နိုင်ငံရောက် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ပုံစံ (၁၅) များကို ပြည့်စုံစွာ ဖြည့်စွက်၍ အိမ်ထောင်စုစာရင်းမိတ္တူ၊ မြန်မာနိုင်ငံကူးလက်မှတ်မိတ္တူ၊ ဆက်သွယ်ရမည့် လိပ်စာ၊ ဖုန်းနံပါတ် တို့နှင့်အတူ အီးမေးလ်ဖြင့် သော်လည်းကောင်း၊ စာတိုက်မှ တစ်ဆင့် ပေးပို့၍ သော်လည်းကောင်း၊ လူကိုယ်တိုင် လာရောက်၍ သော်လည်းကောင်း အောက်ဖော်ပြပါ လိပ်စာသို့ ပေးပို့နိုင်ပါကြောင်း ထပ်မံအသိပေးကြေညာအပ်ပါသည်−

          Permanent Mission of the Republic of the Union of Myanmar

          47 Avenue Blanc, 1202 Geneva, Switzerland

          Email:           cg.consular@myanmargeneva.org

          Tel:               (+41-22) 9069870 / 9069871

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ ဂျီနီဗာမြို့

ရက်စွဲ၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ   ၁၂   ရက်