၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက် ချစ်ခင်လေးစားအပ်ပါသော ပြည်ထောင်စုဖွား တိုင်းရင်းသားညီအကို မောင်နှမများ ခင်ဗျာ ဒီကနေ့ဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ကို နိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကြား ချုပ်ဆိုနိုင်ခဲ့တာ (၁၁)နှစ်မြောက်တဲ့၊ မင်္ဂလာရှိတဲ့နေ့ပဲ ဖြစ်ပါတယ်။ အခုလို အချိန်အခါသမယမှာ သဘောတူစာချုပ် စတင်လက်မှတ်ရေးထိုးချိန်က ပါဝင်ခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအသီးသီးမှ တိုင်းရင်းသား ခေါင်းဆောင်များ၊ နိုင်ငံတကာ အသိသက်သေများ၊ ပြည်တွင်း အသိ သက်သေများ၊ ပြည်ထောင်စုကြီးအတွင်းမှာရှိကြတဲ့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝနိုင်ကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သရင်း နှုတ်ခွန်းဆက်သလိုက်ပါတယ်။ ယနေ့ကျရောက်တဲ့ NCA (၁၁) နှစ်မြောက် နှစ်ပတ်လည်နေ့ဟာ နိုင်ငံတော်နဲ့ ပြည်သူတစ်ရပ်လုံးရဲ့ အနာဂတ်ငြိမ်းချမ်းရေး လမ်းကြောင်းအတွက် အရေးပါတဲ့ သမိုင်းဝင်မှတ်တိုင်တစ်ခု ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့မှာနိုင်ငံတော် အစိုးရ၊ တပ်မတော်နဲ့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ ဟာ အခက်အခဲနဲ့ စိန်ခေါ်မှုများစွာကို ကျော်ဖြတ်ပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို စတင် လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါတယ်။ NCA ဟာ သာမန်အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်မျှသာ မဟုတ်ဘဲ နှစ်ပေါင်း ၇၀ ကျော် ကြာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေကို နိုင်ငံရေး နည်းလမ်းနဲ့ အဖြေရှာဖို့ သဘောတူညီခဲ့ကြတဲ့ သမိုင်းဝင်နိုင်ငံရေး ကတိကဝတ် တစ်ရပ်လည်း […]