၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၃ ရက် ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ နိုင်ငံအချို့က ကြေညာချက်များ၊ ထုတ်ပြန်ပြောကြားချက်များ၊ လူမှုကွန်ရက်မီဒီယာများအပါအဝင် သတင်းဖော်ပြချက်များ ပြုလုပ်ခဲ့သည်။ ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သည့် နောက်ဆက်တွဲ ဖြစ်စဉ်များသည် အာဆာ အကြမ်းဖက်အဖွဲ့၏ တစ်ပြိုင်နက်တည်း အကွက်ချ ကြိုတင်စီစဉ် စတင်တိုက်ခိုက်ခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာရခြင်း ဆိုသည့်အချက်ကို အဆိုပါ ကြေညာချက်များနှင့် ထုတ်ပြန်ပြောကြားချက်များတွင် အသိအမှတ်ပြုရန် ပျက်ကွက်လျက်ရှိသည်။ ဖြစ်စဉ်အမှန်မှာ ၂၀၁၆ ခုနှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် အာဆာ အကြမ်းဖက်များက ရခိုင်ပြည်နယ်မြောက်ပိုင်း၌ အကြမ်းဖက်တိုက်ခိုက်မှုများ ကနဦး ကျူးလွန်ခဲ့ပြီး ယင်းဖြစ်စဉ်များအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အရပ်သားများ အသက်ဆုံးရှုံးခဲ့ရသည်။ ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၅ […]