ဆွစ်ဇာလန်နိုင်ငံရောက် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် ပုံစံ (၁၅) လက်ခံသည့်ရက်ကို တိုးမြှင့်သတ်မှတ်ကြောင်း အသိပေးကြေညာခြင်း

(၁၃-၁၀-၂၀၂၅၊ ဂျီနီဗာမြို့)

၁။       ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဆွစ်ဇာလန်နိုင်ငံရောက် မဲပေး ပိုင်ခွင့်ရှိသော မြန်မာနိုင်ငံသား မဲဆန္ဒရှင်များအနေဖြင့် ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက် ဖြည့်စွက်ပြီး ပုံစံ (၁၅) များကို ၂-၁၀-၂၀၂၅ ရက်နေ့ နောက်ဆုံးထား ပေးပို့နိုင် ပါကြောင်း အသိပေး ကြေညာခဲ့ပြီး ဖြစ်ပါသည်။

၂။       ယင်းနှင့်စပ်လျဉ်း၍ ဖြည့်စွက်ပြီး ပုံစံ (၁၅) များ လက်ခံခြင်းကို ၁၅-၁၀-၂၀၂၅ ရက်နေ့အထိ ရက်တိုးမြှင့်၍ လက်ခံဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းနှင့် ပြည့်စုံစွာ ဖြည့်စွက်ထားသော ပုံစံ (၁၅) များကို အိမ်ထောင်စုစာရင်းမိတ္တူ၊ မြန်မာနိုင်ငံကူးလက်မှတ်မိတ္တူ၊ ဆက်သွယ်ရမည့် လိပ်စာ၊ ဖုန်းနံပါတ် တို့နှင့်အတူ အီးမေးလ်ဖြင့် သော်လည်းကောင်း၊ စာတိုက်မှ တစ်ဆင့် ပေးပို့၍ သော်လည်းကောင်း၊ လူကိုယ်တိုင် လာရောက်၍ သော်လည်းကောင်း အောက်ဖော်ပြပါ လိပ်စာသို့ ပေးပို့နိုင်ပါကြောင်း ထပ်မံအသိပေးကြေညာအပ်ပါသည်−

          Permanent Mission of the Republic of the Union of Myanmar

          47 Avenue Blanc, 1202 Geneva, Switzerland

          Email:           cg.consular@myanmargeneva.org

          Tel:               (+41-22) 9069870 / 9069871

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ ဂျီနီဗာမြို့

ရက်စွဲ၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ   ၁၃   ရက်