ဆွစ်ဇာလန်နိုင်ငံရောက်မဲဆန္ဒရှင်များ ကြားဖြတ်ရွေးကောက်ပွဲတွင် ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် ပုံစံ (၁၅) လက်ခံသည့်ရက် အသိပေးခြင်း

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ   ၁၂   ရက်

၁။      ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၂၇ ခုနှစ်၊     ဧပြီလ ၄ ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းနှင့် ကျင်းပမည့် မဲဆန္ဒနယ်များကို ကြေညာချက် အမှတ် (၆၈/၂၀၂၆) ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။ အဆိုပါထုတ်ပြန်ချက်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ဝက်ဘ်ဆိုက်ဖြစ်သည့် https://www.uec.gov.mm နှင့် မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံး၊ ဂျီနီဗာမြို့၏ ဝက်ဘ်ဆိုက်ဖြစ်သည့် https://www.myanmargeneva.org ၌ ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

၂။       သို့ဖြစ်ပါ၍ ဆွစ်ဇာလန်နိုင်ငံ၌ ရောက်ရှိနေပြီး ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် မဲဆန္ဒနယ်များတွင် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မြန်မာနိုင်ငံသားများအနေဖြင့် ကြိုတင် ဆန္ဒမဲပေးနိုင်ရေးအတွက် ပုံစံ (၁၅) ကို ပူးတွဲပါအတိုင်း ဖော်ပြအပ်ပါသည်။ မဲဆန္ဒရှင်များအနေဖြင့် ပူးတွဲပါ ပုံစံ (၁၅) ကို ဖြည့်စွက်ပြီး ၂-၁၂-၂၀၂၆ ရက် နောက်ဆုံးထား၍ မြန်မာအဖွဲ့ရုံး၊ ဂျီနီဗာမြို့သို့ ပေးပို့နိုင်ပါကြောင်းနှင့် ပုံစံ (၁၅) ဖြည့်စွက်ရာတွင် မိမိနှင့်သက်ဆိုင်သည့်မြို့နယ်အတွက် ဖြည့်စွက် တောင်းဆိုရန်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

၃။      မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ပုံစံ (၁၅) များကို ပြည့်စုံစွာ ဖြည့်စွက်၍ အိမ်ထောင်စုစာရင်း မိတ္တူ၊ မြန်မာနိုင်ငံကူးလက်မှတ်မိတ္တူ၊ ဆက်သွယ်ရမည့်နေရပ်လိပ်စာ၊ တယ်လီဖုန်းနံပါတ်တို့နှင့်အတူ အီးမေးလ်ဖြင့်သော်လည်းကောင်း၊ စာတိုက်မှတစ်ဆင့်သော်လည်းကောင်း၊ လူကိုယ်တိုင် လာရောက်၍ သော်လည်းကောင်း အောက်ဖော်ပြပါလိပ်စာသို့ ပေးပို့နိုင်ပါကြောင်း ဖော်ပြအပ်ပါသည်−

        Permanent Mission of the Republic of the Union of Myanmar

          47 Avenue Blanc, 1202 Geneva, Switzerland

          Email:          cg.consular@myanmargeneva.org

          Tel:              (+41-22) 9069870 / 9069871

၄။      သတ်မှတ်ရက်နောက်ပိုင်း ပေးပို့လာသည့် ပုံစံ (၁၅) များကို မြန်မာအဖွဲ့ရုံးမှ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ဆက်လက်ပေးပို့ဆောင်ရွက်မည်မဟုတ်ပါကြောင်း၊ ပုံစံ (၁၅) ပေးပို့ထားခြင်း မရှိသူများသည် ဆန္ဒမဲပေးပိုင်ခွင့်ရှိမည်မဟုတ်ပါကြောင်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မှ ပြန်လည်ပေးပို့လာသည့် ကြိုတင်ဆန္ဒမဲပေးခွင့်ရရှိသူစာရင်းတွင် ပါဝင်သည့် မဲဆန္ဒရှင်များသည် မြန်မာအဖွဲ့ရုံး၊ ဂျီနီဗာမြို့သို့ လူကိုယ်တိုင်လာရောက်၍ ဆန္ဒမဲပေးရမည်ဖြစ်ပါကြောင်း သိရှိနိုင်ပါရန် ဖော်ပြအပ်ပါသည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ ဂျီနီဗာမြို့

ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ   ၁၂   ရက်