၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက် ချစ်ခင်လေးစားအပ်ပါသော ပြည်ထောင်စုဖွား တိုင်းရင်းသားညီအကို မောင်နှမများ ခင်ဗျာ ဒီကနေ့ဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ကို နိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကြား ချုပ်ဆိုနိုင်ခဲ့တာ (၁၁)နှစ်မြောက်တဲ့၊ မင်္ဂလာရှိတဲ့နေ့ပဲ ဖြစ်ပါတယ်။ အခုလို အချိန်အခါသမယမှာ သဘောတူစာချုပ် စတင်လက်မှတ်ရေးထိုးချိန်က ပါဝင်ခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအသီးသီးမှ တိုင်းရင်းသား ခေါင်းဆောင်များ၊ နိုင်ငံတကာ အသိသက်သေများ၊ ပြည်တွင်း အသိ သက်သေများ၊ ပြည်ထောင်စုကြီးအတွင်းမှာရှိကြတဲ့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝနိုင်ကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သရင်း နှုတ်ခွန်းဆက်သလိုက်ပါတယ်။ ယနေ့ကျရောက်တဲ့ NCA (၁၁) နှစ်မြောက် နှစ်ပတ်လည်နေ့ဟာ နိုင်ငံတော်နဲ့ ပြည်သူတစ်ရပ်လုံးရဲ့ အနာဂတ်ငြိမ်းချမ်းရေး လမ်းကြောင်းအတွက် အရေးပါတဲ့ သမိုင်းဝင်မှတ်တိုင်တစ်ခု ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့မှာနိုင်ငံတော် အစိုးရ၊ တပ်မတော်နဲ့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ ဟာ အခက်အခဲနဲ့ စိန်ခေါ်မှုများစွာကို ကျော်ဖြတ်ပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို စတင် လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါတယ်။ NCA ဟာ သာမန်အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်မျှသာ မဟုတ်ဘဲ နှစ်ပေါင်း ၇၀ ကျော် ကြာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေကို နိုင်ငံရေး နည်းလမ်းနဲ့ အဖြေရှာဖို့ သဘောတူညီခဲ့ကြတဲ့ သမိုင်းဝင်နိုင်ငံရေး ကတိကဝတ် တစ်ရပ်လည်း […]
Announcement
Announcement The Visa on Arrival (tourist) arrangement for Chinese and Indian travellers arriving by air has been extended for a third one-year trial period. Accordingly, the extension will remain valid from 30 August 2026 through 29 August 2027. Permanent Mission of Myanmar, Geneva […]
Press Release
Ministry of Foreign Affairs facilitates repatriation of Myanmar nationals facing difficulties abroad 4 October 2026 Under the guidance of the Government of Myanmar, the Ministry of Foreign Affairs has placed great emphasis on providing necessary consular assistance through Myanmar Embassies and Consulates-General to assist in the rescue and repatriation of Myanmar nationals facing difficulties abroad […]
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ်မှ ထုတ်ပယ်ထားပြီးဖြစ်သော ကျော်မိုးထွန်း၏ တရားမဝင် လှုပ်ရှားဆောင်ရွက်မှုများနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်
ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ်မှ ထုတ်ပယ်ထားပြီးဖြစ်သော ကျော်မိုးထွန်း၏ တရားမဝင် လှုပ်ရှားဆောင်ရွက်မှုများနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်ပါအတိုင်း အသိပေးထုတ်ပြန်အပ်သည်။ ကျော်မိုးထွန်းသည် နိုင်ငံတော်မှ ပေးအပ်သောအမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာခြင်းမရှိဘဲ သံတမန်ကျင့်ဝတ်ပျက်ယွင်းစွာ နိုင်ငံတော်အပေါ် သစ္စာဖောက်ဖျက်ခြင်း၊ တရားမဝင် အဖွဲ့အစည်းများအား သစ္စာခံကိုယ်စားပြုလှုပ်ရှားခြင်းတို့ကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှစ၍ ၎င်းအား နိုင်ငံ့ဝန်ထမ်းအဖြစ်မှ ထုတ်ပယ် (Dismissal) ခဲ့ပြီး ဖြစ်သည်။ ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခံရပြီးဖြစ်သော်လည်း ကျော်မိုးထွန်းသည် နယူးယောက်မြို့ရှိ နိုင်ငံတော်ပိုင် အဖွဲ့ရုံးရှိ ရုံးခန်းနေရာ၊ ရုံးအကြီးအကဲနေအိမ်နှင့် နိုင်ငံတော်ပိုင် မော်တော်ယာဉ်စသည့် နိုင်ငံတော်ပိုင်ပစ္စည်းများကို ဆက်လက်အသုံးပြုလျက်ရှိကြောင်း တွေ့ရှိရသည်။ ထို့ပြင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအထိ နယူးယောက်မြို့၊ […]
IIMM ဆိုသည့် ယန္တရားနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ရပ်တည်ချက်
9 September 2026 ဂျီနီဗာမြို့တွင် ၇-၉-၂၀၂၆ ရက်မှ ၉-၁၀-၂၀၂၆ ရက်အထိ ကျင်းပပြုလုပ်လျက်ရှိသည့် လူ့အခွင့်အရေးကောင်စီ၏ (၆၃) ကြိမ်မြောက် အစည်းအဝေးကာလအတွင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ အစီရင်ခံစာနှင့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ဆိုသည့်အဖွဲ့၏ အစီရင်ခံစာတို့အပေါ် ပေါင်းစပ်အပြန်အလှန်ဆွေးနွေးမှုကို စက်တင်ဘာလ ၇ ရက်တွင် ပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံသည် IIMM ဆိုသည့် ယန္တရားကို စတင်ထူထောင်သည့် အချိန်ကတည်းက ယနေ့အထိ အသိအမှတ်ပြုခြင်းမရှိပါ။ အဆိုပါ ယန္တရားကိုယ်တိုင်သည်ပင်လည်း ဥပဒေကြောင်းရှုထောင့် (legal grounds) အရ အားနည်းချက်များစွာရှိပြီး နိုင်ငံတစ်နိုင်ငံအပေါ် နိုင်ငံရေးအရ ဖိအားပေးလိုသည့် (politically motivated) ရည်ရွယ်ချက်ဖြင့် ထူထောင်ထားခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။ IIMM သည် ၂၀၁၈ ခုနှစ်တွင် […]
