ဂျီနီဗာမြို့၊ ကုလသမဂ္ဂနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ပြောင်းရွှေ့ ခန့်အပ်ခြင်းခံရသော မြန်မာအမြဲတမ်းကိုယ်စားလှယ်/သံအမတ်ကြီး ဦးမြင့်သူသည် ၎င်း၏ အမြဲတမ်းကိုယ်စားလှယ်ခန့်အပ်လွှာကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Alan Wolff ထံ ပေးအပ်ခဲ့ပါသည်။
