၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆွစ်ဇာလန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးခြင်းနှင့်စပ်လျဉ်း၍ အသိပေးကြေညာခြင်း

(၂၈-၈-၂၀၂၅၊ ဂျီနီဗာမြို့)

၁။       မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက် ဖြည့်စွက်ပြီး ပုံစံ (၁၅) များကို ၂၁-၈-၂၀၂၅ ရက်မှ ၈-၉-၂၀၂၅ ရက်အတွင်း ပေးပို့နိုင်ပါကြောင်း အသိပေးထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

၂။       ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၁၅-၈-၂၀၂၅ ရက်နေ့တွင် ကြေညာချက်အမှတ် (၅၀/၂၀၂၅) ၊ (၅၁/၂၀၂၅) ၊ (၅၂/၂၀၂၅) နှင့် (၅၃/၂၀၂၅) တို့ဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ အတွင်းရှိ မြို့နယ် ၃၃၀ ပါဝင်သော မဲဆန္ဒနယ်များကို ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။ ပြည်ပရောက် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရေး ပုံစံ (၁၅) တောင်းဆိုဆောင်ရွက်ရာ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သည့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်နှင့် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် အပါအဝင် မြို့နယ် ၃၃၀ ပါဝင်သော မဲဆန္ဒနယ် အားလုံးအတွက် တောင်းဆိုရန် ဖြစ်ကြောင်း ၂၂-၈-၂၀၂၅ ရက်နေ့တွင် အသိပေးကြေညာခဲ့ပြီး ဖြစ်ပါသည်။ (အဆိုပါ ထုတ်ပြန်ချက်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဝဘ်ဆိုဒ် https://uec.gov.mm/announcement_list.php နှင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ ဂျီနီဗာမြို့၏ ဝဘ်ဆိုဒ် https://www.myanmargeneva.org/category/2025-general-election/ များ၌ ဖတ်ရှုနိုင်ပါသည်။)

၃။       သို့ဖြစ်ပါ၍ ကြိုတင်ဆန္ဒမဲပေးလိုသည့် ပြည်ပရောက်မဲဆန္ဒရှင်တိုင်းသည် ကြိုတင်ဆန္ဒမဲ လက်မှတ်ဖြင့် မဲပေးနိုင်ရေး ပုံစံ (၁၅) တောင်းဆိုရာတွင် သတ်မှတ်ကာလ ၂၁-၈-၂၀၂၅ ရက်မှ ၈-၉-၂၀၂၅ ရက်အတွင်း မြို့နယ် ၃၃၀ အနက် မိမိနှင့်သက်ဆိုင်သည့် မြို့နယ်အတွက် ပုံစံ (၁၅) ဖြင့် တောင်းဆိုရန် ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

၄။       မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက် အချက်အလက် ဖြည့်သွင်းပြီးသည့် ပုံစံ (၁၅) များကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံး၊ ဂျီနီဗာမြို့၏ အောက်ဖော်ပြပါ လိပ်စာသို့ လူကိုယ်တိုင်လာရောက်၍ ဖြစ်စေ၊ စာတိုက်မှတစ်ဆင့် ပေးပို့၍ ဖြစ်စေ၊ အီးမေးလ်မှတစ်ဆင့် ပေးပို့၍ ဖြစ်စေ ၂၁-၈-၂၀၂၅ ရက်မှ ၈-၉-၂၀၂၅ ရက်အတွင်း ပေးပို့နိုင်ပါကြောင်းနှင့် ပုံစံ (၁၅) များကို ပြန်လည်ပေးပို့သည့်အခါ ဆက်သွယ်ရမည့် လိပ်စာ၊ အီးမေးလ်နှင့် ဖုန်းနံပါတ်များကိုပါ ထည့်သွင်းဖော်ပြပေးပို့ပါရန် ထပ်မံ ဖော်ပြအပ်ပါသည်−

          Permanent Mission of the Republic of the Union of Myanmar

          47 Avenue Blanc, 1202 Geneva, Switzerland

          Email:           cg.consular@myanmargeneva.org

          Tel:               (+41-22) 9069870 / 9069871