International Election Observers and Diplomats Monitor Voting Processes in Myanmar’s General Elections

December 28, 2025 A total of 139 international election observation mission members and representatives of the diplomatic community are present to observe and monitor the orderly and free casting of ballots by the general public during the first phase of Myanmar’s 2025 Multiparty Democracy General Elections, being conducted today, December 28, 2025. […]

Read More…

နိုင်ငံတကာရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူများနှင့် သံတမန်များ မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲ မဲပေးမှုလုပ်ငန်းစဉ်များကို ကြည့်ရှုလေ့လာ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက် ယနေ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်လျက်ရှိသည့် မြန်မာနိုင်ငံ၏ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ပထမပိုင်းတွင် အများပြည်သူများ စနစ်တကျနှင့် လွတ်လပ်စွာ ဆန္ဒမဲပေးနေမှုများကို ကြည့်ရှုလေ့လာရန်အတွက် နိုင်ငံတကာရွေးကောက်ပွဲလေ့လာရေးအဖွဲ့ဝင်များနှင့် သံတမန်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း ၁၃၉ ဦး တက်ရောက်စောင့်ကြည့်လျက်ရှိပါသည်။ […]

Read More…

ဆွစ်ဇာလန်နိုင်ငံရောက် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် ပုံစံ (၁၅) လက်ခံသည့်ရက်ကို တိုးမြှင့်သတ်မှတ်ကြောင်း အသိပေးကြေညာခြင်း

(၁၃-၁၀-၂၀၂၅၊ ဂျီနီဗာမြို့) ၁။       ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဆွစ်ဇာလန်နိုင်ငံရောက် မဲပေး ပိုင်ခွင့်ရှိသော မြန်မာနိုင်ငံသား မဲဆန္ဒရှင်များအနေဖြင့် ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက် ဖြည့်စွက်ပြီး ပုံစံ (၁၅) များကို ၂-၁၀-၂၀၂၅ ရက်နေ့ နောက်ဆုံးထား ပေးပို့နိုင် ပါကြောင်း အသိပေး ကြေညာခဲ့ပြီး ဖြစ်ပါသည်။ ၂။       ယင်းနှင့်စပ်လျဉ်း၍ ဖြည့်စွက်ပြီး ပုံစံ (၁၅) များ လက်ခံခြင်းကို ၁၅-၁၀-၂၀၂၅ ရက်နေ့အထိ ရက်တိုးမြှင့်၍ လက်ခံဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းနှင့် ပြည့်စုံစွာ ဖြည့်စွက်ထားသော ပုံစံ (၁၅) များကို အိမ်ထောင်စုစာရင်းမိတ္တူ၊ မြန်မာနိုင်ငံကူးလက်မှတ်မိတ္တူ၊ ဆက်သွယ်ရမည့် လိပ်စာ၊ ဖုန်းနံပါတ် တို့နှင့်အတူ အီးမေးလ်ဖြင့် သော်လည်းကောင်း၊ စာတိုက်မှ တစ်ဆင့် ပေးပို့၍ သော်လည်းကောင်း၊ […]

Read More…

ဆွစ်ဇာလန်နိုင်ငံရောက် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် ပုံစံ (၁၅) လက်ခံသည့်ရက်ကို တိုးမြှင့်သတ်မှတ်ကြောင်း အသိပေးခြင်း

(၁၂-၉-၂၀၂၅၊ ဂျီနီဗာမြို့) ၁။       ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆွစ်ဇာလန်နိုင်ငံရောက် မြန်မာနိုင်ငံသား မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် မဲပေးနိုင်ရေးအတွက် ဖြည့်စွက်ပြီး ပုံစံ (၁၅) များကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ ဂျီနီဗာမြို့သို့ ၂၁-၈-၂၀၂၅ ရက်မှ ၈-၉-၂၀၂၅ ရက်အထိ ပေးပို့နိုင်ပါကြောင်း အသိပေးကြေညာခဲ့ပြီး ဖြစ်ပါသည်။ ၂။       နိုင်ငံပြင်ပတွင် ရောက်ရှိနေပြီး ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားများ ကျန်ရှိမှု မရှိ စေရေးအတွက် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ ဂျီနီဗာမြို့အနေဖြင့်  ဖြည့်စွက်ပြီး ပုံစံ (၁၅) များ လက်ခံခြင်းကို ၂-၁၀-၂၀၂၅ ရက်နေ့အထိ ရက်တိုးမြှင့်၍ လက်ခံ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။ ၃။       သို့ဖြစ်ပါ၍ ဆွစ်ဇာလန်နိုင်ငံရောက် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် […]

Read More…

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆွစ်ဇာလန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးခြင်းနှင့်စပ်လျဉ်း၍ အသိပေးကြေညာခြင်း

(၂၈-၈-၂၀၂၅၊ ဂျီနီဗာမြို့) ၁။       မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက် ဖြည့်စွက်ပြီး ပုံစံ (၁၅) များကို ၂၁-၈-၂၀၂၅ ရက်မှ ၈-၉-၂၀၂၅ ရက်အတွင်း ပေးပို့နိုင်ပါကြောင်း အသိပေးထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။ ၂။       ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၁၅-၈-၂၀၂၅ ရက်နေ့တွင် ကြေညာချက်အမှတ် (၅၀/၂၀၂၅) ၊ (၅၁/၂၀၂၅) ၊ (၅၂/၂၀၂၅) နှင့် (၅၃/၂၀၂၅) တို့ဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ အတွင်းရှိ မြို့နယ် ၃၃၀ ပါဝင်သော မဲဆန္ဒနယ်များကို ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။ ပြည်ပရောက် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရေး ပုံစံ (၁၅) တောင်းဆိုဆောင်ရွက်ရာ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သည့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်နှင့် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် အပါအဝင် […]

Read More…