ဆွစ်ဇာလန်နိုင်ငံရောက် မြန်မာနိုင်ငံသားမဲဆန္ဒရှင်ပြည်သူများ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲ ပေးနိုင်ရေးအတွက် ပုံစံ (၁၅) ဖြန့်ဝေခြင်း

၂၁-၈-၂၀၂၅ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကို ၂၈-၁၂-၂၀၂၅ ရက် (တနင်္ဂနွေနေ့) တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၁-၈-၂၀၂၅ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ကြေညာချက်အမှတ် (၆၂/၂၀၂၅) အရ ဆွစ်ဇာလန်နိုင်ငံရောက် မြန်မာနိုင်ငံသား မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက် ပုံစံ (၁၅) ကို ဖြန့်ဝေအပ်ပါသည်။ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက် အချက်အလက် ဖြည့်သွင်းပြီးသည့် ပုံစံ (၁၅) များကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံး၊ ဂျီနီဗာမြို့၏ အောက်ဖော်ပြပါ လိပ်စာသို့ လူကိုယ်တိုင်လာရောက်၍ ဖြစ်စေ၊ စာတိုက်မှတစ်ဆင့် ပေးပို့၍ ဖြစ်စေ၊ အီးမေးလ်မှတစ်ဆင့် ပေးပို့၍ ဖြစ်စေ ၂၁-၈-၂၀၂၅ ရက်မှ ၈-၉-၂၀၂၅ […]

Read More…